
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် ဆေးနှင့်ဆေး ပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကိုင်း မြို့ ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော ထွန်းသောင်နှင့် အောင်ဇမ္ဗူဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထွန်းသောင်နှင့် အောင်ဇမ္ဗူဆေးဆိုင်များအနေဖြင့် ကုမ္ပဏီ များမှခွဲတမ်းရရှိမှုအပေါ်မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင် ရောင်းချခြင်းများရှိ သလို ဆေးကဒ်တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက်ပေါ် မူတည်၍သာ အမြတ်ယူ ရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်းအပြောင်း အလဲများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေး အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါး များကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
