Main menu

မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

     မကွေးတိုင်းဒေသကြီးသို့ စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့် ခရိုင်/ မြို့နယ်အလိုက် ဆီလက်ကား/ လက်လီကုန်သည်များကို စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်စေရေး၊ ဖြန့်ဖြူးရောင်းချရာတွင် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက် စေရေး၊ ပျက်ကွက်ခြင်းနှင့် မသမာမှု ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့် သတ်မှတ်ပမာဏအတိုင်း ဖြန့်ဖြူးရောင်းချနိုင်စေရေး ကြီးကြပ်ကွပ်ကဲရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ (၂/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ ၊နံနက် (၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ဦးဆောင်၍ ကော်မတီ အဖွဲ့ဝင်များနှင့် အတူ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူး ရောင်းချခြင်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး က ဆီဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်သည် ကိုယ့်အပိုင်းနှင့်ကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဆောင်ရွက် ကြသကဲ့သို့ ထိန်းကျောင်းကြပ်မတ်သည့် အဖွဲ့မှလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် လုပ်ဆောင်နေသည့် လုပ်ငန်း တာဝန်များမှာ ပြည်သူများအတွက် လုပ်ဆောင်ပေးနေသည်ကို အသိပေးချပြရန် လိုအပ်ကြောင်း၊ ယခုအချိန်သည် အရေးကြီးကာလ ဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ယခုထက် ပိုမို၍ ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ၏ အောက်တွင် မကွေးတိုင်းဒေသကြီး စက်မှုလုပ်ငန်းသုံးဆီကြီးကြပ်ရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဟူ၍ အဖွဲ့၂ ဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စားအုန်းဆီဖြန့်ဖြူးခြင်းနှင့်စပ်လျဉ်း၍ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြပြီး အမှာစာစောင်အား ဖတ်ကြား၍ ကော်မတီ(၂/၂၀၂၅)၏ အတည်ပြုချက်ရယူကာ မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ  (၈)ချက်အား ချမှတ်၍ (၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ချက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၃၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)