
(၂၄.၉.၂၀၂၅) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်း များ၊ မိတ်ဖက်ဌာနများနှင့် အတူ “စားသုံးသူအခွင့်အရေး ဦးစားပေး” သိရှိနိုင်ရန် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျောင်းသားလူငယ် (၁၃၆)ဦးအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်အသိပညာပေးတွေ့ဆုံဆွေးနွေးခြင်း၊ ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရန် စက်ရုံအလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပက်သက်၍ လုပ်ငန်းရှင်များအား စိစစ်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး လုပ်ငန်း စဉ်အကြောင်း၊ စားသုံးသူတို့၏ အခွင့်အရေးများ၊ စီးပွားရေးလုပ် ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူတို့၏အခွင့်အရေး နစ်နာဆုံးရှုံမှုများရှိလာပါက အရေးဆို တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ စားသုံးသူတို့၏ အခွင့်အရေးကို ဆုံးရှုံးမခံဘဲ တိုင်ကြားစေလိုကြောင်း၊ ပြည်သူများ မိမိအခွင့်အရေးအတွက် တိုင်ကြားသည့် အလေ့အကျင့်များ ရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ လိုက်နာရမည့် တာဝန်များကိုလည်း သိရှိလိုက်နာ တက်ရန်လိုကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံး၍ တိုင်ကြားလာပါက ဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် ဖြစ်စည်များ အဆင်ပြေသွားသည့် အမှုကိစ္စများအောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်သွယ်တိုင်ကြားနိုင်ရန် ဖွင့်လှစ်ထားရှိသောကြောင့် ဆက်သွယ်နိုင်သည့် လိပ်စား၊ ဖုန်းနံပါတ်များ၊ Mobile app၊ website, Facebook page နှင့် CICC စင်တာများတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြား၍ ရနိုင်ပါကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသူ/လူငယ်များက သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို (၁၁၃၀)နာရီ အချိန်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
