
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်ဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသော ကုန်တိုက်နှင့် Mini Martများ သို့သွားရောက်၍ တုပထားသော DUMEX DUPROအမှတ်တံဆိပ် ကလေးငယ်ဖော်စပ် စာ ၆၅၀ ဂရမ်များ စျေးကွက်အတွင်းရောင်းချနေခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။
Danone Specialized Nutrition (Thailand)မှ ထုတ်လုပ်သည့် DUMEX DUPROအမှတ် တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်သည် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားပြီး ပြည်တွင်း တွင် FDA ထောက်ခံချက်များဖြင့် ထုတ်လုပ်ရောင်းချသော ကုန်စည်ဖြစ်ကာ ယခုအချိန်တွင် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အတုများ စျေးကွက်တွင် ရောက်ရှိနေကြောင်းသိရှိရသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ထိုနောက် ဘေးအန္တရာယ်ကင်းသော ကုန်စည်များကို သာရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်စည်များရောင်းချရန် ရှင်း လင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)