
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ကျုံသွတ်တညီကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပြောကြားရာတွင် ကျုံသွတ်တညီကျေးရွာရှိ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာအတွင်းရှိအိမ် ထောင်စုဝင် အားလုံး စားသုံးဆီရရှိစေရေး၊ သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြားခဲ့ကြောင်းပြီး ကျုံသွတ်တညီ ကျေးရွာရှိ စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)