Main menu

စာဖတ်ပြည်သူများအား MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

Powered by Drupal

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ပြည်သူများအား MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံ၍ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးကောင်းမွန်စေပြီး ပြည်တွင်းပြည်ပဈေးနှုန်း ဈေးကွက်ရရှိမှု အခြေအနေများ ခေတ်မီစက်ကရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာများ ရရှိရေးအတွက် မိမိဌာနနှင့်သက်ဆိုင်ရာဌာနများမှ ဖွင့်လှစ်သောသင်တန်းများ တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပါသည်။

          ထို့ပြင် MSMEလုပ်ငန်းများဆောင်ရွက်ရတာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် မိမိတို့ ဌာနမှ သက်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)