Main menu

ဒေးဒရဲမြို့၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်  အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ်၊  အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၏  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ရက်နေ့နံနက်ပိုင်းကမြို့နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
      အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများနှင့် အခမ်းအနား တက်ရောက်လာကြသူများကနိုင်ငံတော်အလံအလေးပြုခြင်းနှင့် အားကစားသမားများက သစ္စာ အဓိဋ္ဌာန်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာမြင့်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောခြင်း၊  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်မျိုးလွင်က  ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများ ရှင်းလင်းဆွေး နွေးခဲ့ကြောင်းသတင်းရရှိပါသည်။

(Doca ဧရာဝတီ)