Main menu

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာ ဝန်ကြီး ဒေးဒရဲမြို့၌ မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၅)ရက်နေ့၊နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့် နှင့် တာဝန်ရှိသူများက အုန်းပင်ကျေးရွာအတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
          ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများသည် ဖျာပုံခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ဖျာပုံခရိုင်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များနှင့်အတူ   အုန်းပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  e-ID  Server အတွင်းရှိ အသက်(၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာ နေအိမ်များအရောက် ပုံစံ(၆၆/၆)ရှိ အသက် (၁၈) နှစ်နှင့် အထက် လူဦးရေစာရင်း၊ အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ် များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်းရှိ/ မရှိ စာရင်းပြုစုခြင်း၊ သေဆုံးခြင်း စာရင်းများ အတည်ပြုခြင်း၊စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုစုခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)