Main menu

ဖျာပုံမြို့သန့်ရှင်းသာယာလှပစေရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာလ (၆)ရက်နေ့ နံနက် (၇)နာရီအချိန်ကဖျာပုံမြို့၊အမှတ်(၁၅)ရပ်ကွက် အောင်သစ္စာလမ်းမကြီးတလျှောက်စုပေါင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြသည်။
           အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်ဖျာပုံခရိုင် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည်ဖျာပုံမြို့၊အမှတ်(၁၅)ရပ်ကွက်အောင်သစ္စာလမ်းမကြီးတလျှောက် လမ်းဘေး၊ ဝဲ၊ယာနှင့်ရပ်ကွက်အတွင်းရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များ ရှင်းလင်းခြင်း၊ရေနှုတ်မြောင်းများတူဖော်ခြင်း၊ ခြင်၊ယင် ပေါက်ပွားမှု မဖြစ်ပွားစေရေး ခြုံနွယ်များ ရှင်းလင်းခြင်း၊လမ်းဘေးဝဲယာတို့ရှိ မြက်ပင်များအား မြက်ရိတ်စက်များဖြင့်ဖြတ်တောက်ခြင်းတို့ဆောင်ရွက်ကြပြီး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် အမှိုက်များလိုက်လံသိမ်းဆည်းခဲ့ကြသည်။ ဖျာပုံမြို့နယ် အနေဖြင့်အပတ်စဉ်စနေနေ့တိုင်း  အခြေခံပညာကျောင်းများ၊ဘုရားစေတီ၊ပုထိုးများ၊သောက်ရေကန်များ၊မြို့ဝင်မြို့ထွက်နေရာများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

(Doca ဧရာဝတီ)