
၂၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မိုးမိုးသည် မော်လမြိုင်မြို့နယ်၊ ဒိုင်းဝန်ကွင်းရပ်ကွက်ရှိ Y&M Bakery ကိတ်မုန့်လုပ်ငန်းအား အွန်လိုင်း မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)