Main menu

ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညိုမြို့နယ် တာဝန်ခံ ဦးမောင်မောင်အေးသည် မိုးညိုမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် မိုးညိုမြို့နယ် အတွင်းရှိ ဆန်လက်လီ / လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ်စဉ် အင်္ဂါနေ့တိုင်း ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ၊ စက်တင်ဘာလ ၈ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင် ဦးခင်နိုင်နှင့် တွေ့ဆုံ၍ဒေသထွက်ဧည့်မထစပါးများကို ဝယ်ယူကြိတ်ခွဲ လျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းများအနေဖြင့် ဧည့်မထဆန် တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် (၆၇၂၀၀) ကျပ်၊ ဖြင့် အများပြည်သူများကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(ပဲခူး)