Main menu

ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာ တင်ပို့မှုသည် ပထမ ၈ လတွင် ၆၄ ရာခိုင်နှုန်း တိုးလာ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ (၈) လတွင် နိုင်ငံခြားဈေးကွက်များသို့ ကန်ဒေါ်လာ ၈၇၀ သန်းတန်ဖိုးရှိ ကားတာယာများတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလတွင် တင်ပို့ခဲ့သည့်ကန်ဒေါ်လာ ၅၂၇ သန်းမှ ၆၄ ရာခိုင်နှုန်း တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တာယာတင်ပို့မှုတွင် သိသိသာသာ တိုးတက်မှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အစိုးရ၏ မဟာဗျူဟာမြောက် ကြိုးပမ်းအားထုတ်မှုများကြောင့် တာယာထုတ်လုပ်သူ အများအပြားသည် နိုင်ငံတွင်း၌ ဆက်လက်ရင်းနှီးမြှုပ်နှံပြီး ၎င်းတို့၏ လုပ်ငန်းများကို ချဲ့ထွင်နေခြင်းကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကားတာယာများသည် နိုင်ငံခြားသို့တင်ပို့ရန် အလားအလာရှိသော ထုတ်ကုန်သစ်များဖြစ်ကြောင်း၊ ကားတာယာ တင်ပို့မှု သိသိသာသာ တိုးလာခြင်းသည် ကမ္ဘောဒီးယားအစိုးရ၏ ထုတ်ကုန်တင်ပို့မှု ကွဲပြားခြင်း ၏ အောင်မြင်မှုကို သက်သေပြနေကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားနိုင်ငံ၏ပြည်တွင်း ထုတ်ကုန်များအတွက် စျေးကွက်ချဲ့ထွင်နိုင်စေသည့် ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက် ဆက်ဆံရေးနှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကဲ့သို့သော လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များ၏ အပြုသဘောဆောင်သော အကျိုး သက်ရောက်မှုများကိုလည်း ဆက်လက်ပြောကြားခဲ့သည်။ ကားတာယာ တင်ပို့မှုတန်ဖိုးသည် နိုင်ငံတော်၏ စုစုပေါင်းတင်ပို့မှု၏ ၄.၁၈ ရာခိုင်နှုန်းဖြစ်ပြီး ကန်ဒေါ်လာ ၂၀.၈၃ ဘီလီယံရရှိခဲ့ သည်။ Source: Khmer Times                                                          

DOCA (ရန်ကုန်)