Main menu

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ဒို့တောင်ပေါ် ကော်ဖီလုပ်ငန်းအားကွင်းဆင်းစိစစ်

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၁၈-၉-၂၀၂၅)ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပင်းတယမြို့၊ ရေဖြူကျေးရွာရှိ ဒို့တောင်ပေါ် ကော်ဖီလုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ဒေသဦးစီးမှူးမှ ကုန်စည် နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိ တို့အား စစ် ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီးကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)