
ညောင်ဦးမြို့တွင် (၂၃.၉.၂၀၂၅ )ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ပုဂံ-ညောင်ဦးဒေသထွက်ကုန်များ ပြသနိုင်ရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ညောင်ဦးမြို့ရှိ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ကုန်များ ပြသနိုင် ရေး၊ ပြခန်းများတွင်လိုအပ်သည်များဆောင်ရွက်ထားနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)တက် ရောက်ဆွေးနွေးခဲ့ပါသည်။ ပုဂံ-ညောင်ဦးဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားသော နေရာဒေသတစ်ခုဖြစ်၍ လာရောက်လည်ပတ်သော ခရီးသွားများအတွက် အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြမည့်ဒေသထွက်ကုန်များကို အရည်အသွေးပြည့်မီကောင်းမွန်စွာထုတ်လုပ်ခြင်းဖြင့် ဒေသခံ များ၏ အကျိုးစီးပွားနှင့်ဒေသဖွံဖြိုးမှုများ ဖြစ်ထွန်းလာကာ ဒေသရဲ့ဂုဏ်ကိုလည်း ပိုမိုမြှင့်တင်နိုင်မည် ဖြစ်ပါသည်။
DOCA (မန္တလေး)