Main menu

တောင်ကြီးမြို့ပေါ်ရှိOnlineရောင်းဝယ်မှုလုပ်ငန်းအားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၃၀.၉.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီ တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးနှင့်ဝန်ထမ်းများသည် အွန်လိုင်းမှတ်ပုံတင်လျောက်ထားသည့် Penoy’S Closet  အထည်အလိပ်၊အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများရောင်းချသည့်လုပ်ငန်းအား မှတ်ပုံတင်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေးက  ရှမ်းပြည်နယ်၊ အမှတ်(ည/၁၈)ယုဇနလမ်း၊ ညောင်ဖြူစခန်းရပ်ကွက် ၊တောင်ကြီး မြို့ရှိ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်လျောက်ထားရာ အချက်အလက်များအတိုင်း မှန်ကန်မှု ရှိမရှိကို စစ်ဆေးခြင်း၊ စစ်ဆေးရေးအရာရှိမှ စစ်ဆေးရန် သတ်မှတ်ချက် များအတိုင်း လုပ်ငန်းခွင်၏ ရောင်းချမှု ကုန်စည်များကို စစ်ဆေးခဲ့ပြီး အွန်လိုင်းရောင်းချခြင်းနှင့်ပတ်သက်၍ အမိန့်ကြေငြာစာပါ အချက်အလက်များကို လုပ်ငန်းရှင်သိရှိနိုင်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရှမ်း)