Main menu

အလေအလွင့်မှ မိသားစုဝင်ငွေတိုးပွားစေမည့် သရက်သီးဓါးပေါက်လုပ်ငန်း(ခေါ် )သရက်ချဉ်လုပ်ငန်း

Powered by Drupal

     မန္တလေးတိုင်းအတွင်း သရက်ရာသီကာလ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် သရက်သီး များ ကြီးရင့်၍ အစေ့ယှက်ကာမှည့်မည့်အချိန်တွင် ရာသီဥတုကြောင့် အသီးများကြွေကာ မရင့်မှည့်သည့် အတွက် အချိုဓါတ်မရရှိဘဲ အလေအလွင့်ဘဝမဖြစ်စေရန် သရက်သီးမျိုးစုံကို သရက်သီးဓါးပေါက် ပြုလုပ်၍ ဆားကြမ်းနှင့်နယ်ကာ ၂ ရက်မှ ၃ ရက်အထိ တောင်းများထဲတွင်ထည့်ကာ ရေစစ်ခြင်း ဆောင်ရွက်ပြီး ၂ ရက်မှ ၃ ရက်အ ထိရေစစ်ပြီးပါက ပီနံအိတ်ထဲသို့ သရက်သီးဓါးပေါက်များကို အထက် နှင့် အောက်လှည့်လှည်ခြင်း၊ အနည်းငယ်မွှေခြင်းများဆောင်ရွက်ပြီး ပီနံအိတ်အတွင်းထည့်၍ စင်မြင့် တွင် အပေါ်မှ ကျောက်များနှင့်ဖိကာထားရှိကြပါသည်။ ကျောက်ဖိထားသည့်သရက်သီးများ မာလာသည့် အခါ ပီနံအိတ်တွင်းမှထုတ်၍ စဉ့်အင်တုံကြီးများထဲတွင် လေလုံမိုးလုံသိပ်၍ အပေါ်မှ အင်ဖက် အထပ်ထပ် ဖြင့် စနစ်တကျထားရှိပြီး ယင်ကောင်နှင့်ကြွက်များ၏ အန္တရာယ်မှကင်းဝေးစေရန် ဘေးပတ်ဝန်းကျင်ကို လည်း စနစ်တကျသန့်သန့်ရှင်းရှင်းထားရှိရပါသည်။

           သရက်သီးဓါးပေါက်လုပ်ငန်းသည် မိသားစုတပိုင်တနိုင်လုပ်သည့်လုပ်ငန်းတစ်ခုဖြစ်ပြီး မတ်၊ ဧပြီ လများတွင် ပြုလုပ်သည့်ဓါးပေါက်ဆားသိပ်ထားသည့် သရက်ချဉ်များကို နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စတင်၍ ဈေးကွက်တွင် စတင်ရောင်းချနိုင်ပြီဖြစ်ပါသည်။ ယခင်နှစ်ကပြုလုပ်သည့် သရက်သီးဓါးပေါက် သရက်ချဉ်များ ယခုနှစ်ရာသီတွင် ၁ ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ဈေးရရှိခဲ့ပြီး ယခင်နှစ် သရက်ရာသီတွင် စဉ့်အင်တုံ ၁၅ လုံးဖြင့် မိသားစုတပိုင်တနိုင်လုပ်ဆောင်သည့် သရက်ချဉ်လုပ်ငန်းမှ ပိဿာချိန် ၁၅၀ ကျော်ရရှိသည့်အတွက် မိသားစုဝင်ငွေကို တိုးစေပါသည်။

    ယခုနှစ် ရာသီကာလတွင်လည်း သရက်သီးဓါးပေါက်များ ယခင်နှစ်ကအတိုင်းပြုလုပ်ထားသည့် အတွက် တောင်သူလုပ်ငန်းအားလပ်ချိန်များတွင် သရက်သီးဓါးပေါက်လုပ်ငန်းမှ ဝင်ငွေရရှိစေသည့်အပြင် မိသားစုတပိုင်တနိုင်နှင့် ဝင်ငွေတိုးပွားစေသည့် သရက်သီးဓါးပေါက်လုပ်ငန်းသည် လုပ်ကိုင်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)