Main menu

တနင်္သာရီတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းပို့ချခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Online Virtual စနစ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးရုံး၊ မြိတ်၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးများမှဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်း ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)