
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၂၉)၊ တပင်ရွှေထီးလမ်း(၂)ရပ်ကွက်ရှိ မိုးကောင်း အီလက်ထရောနစ်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဒေါ်စန်းစန်းမော်သည် စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့် ရောင်းချခြင်းလုပ် ငန်းများနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက် ရမည့်အချက်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာ စာအမှတ်(၅၁/၂၀၂၃)အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြရမည့်အချက်အလက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မပါရှိသည့် အီထရောနစ်ပစ္စည်းများအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ eComReg System တွင်2FAစနစ် အသုံးပြုထားမှုနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများ အသိပညာပေးခြင်း အီလက်ထရောနစ်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)