
(၁၇. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်း(၃)ဦးသည်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ယိုးဒယားနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိနှင့် ကုန်ပစ္စည်းများသိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိကိုသက် ဆိုင်ရာအဖွဲ့များဖြင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)