
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိရာ (၁၆.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ဓမ္မရာဇ(၂၈)လမ်း၊ (၁၀)ရပ်ကွက်ရှိ ရွှေမိုးသွန်း ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀) ၊ဆင်းသွယ်၊ ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ တောင်ပျံ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)