
(၁၆-၉-၂၀၂၅) ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာ ရေး)နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ပူးပေါင်းပြီး အမှတ်(၈)၊ မေတ္တာလမ်း၊ (၁၂)ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ်ရှိ သီးသန့် (ဆန်ရောင်းဝယ် ရေး) အရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)က ဆန်များသတ်မှတ် ဈေးနှုန်းဖြင့်ရောင်းချနေခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ပြီး ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီရောင်းချရန်နှင့် ဈေးကစားရန်အလို့ငှာ ဆန်များကိုသိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)