Main menu

ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိ(P) ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် ဆန်တန်ချိန် ၇ သိန်းကျော် တင်ပို့ရန် လမ်းကြောင်းပေါ်ရှိနေပြီဖြစ်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက် သိသာထင်ရှားသော တိုး

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် ဆန်တန်ချိန် ၇ သိန်းကျော် တင်ပို့ရန် လမ်းကြောင်းပေါ်ရှိနေပြီဖြစ်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍအတွက် သိသာထင်ရှားသော တိုးတက်မှုတစ်ခုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) မှ ထုတ်ပြန်ထားသည်။ CRF ၏ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ သြဂုတ်လအထိ ပြည်ပဈေးကွက်များသို့ ဆန် ၄၇၂,၈၀၃ တန် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ယခုနှစ် ပထမ (၈) လ အတွင်း စပါးနှင့် ဆန်တင်ပို့မှုမှ စုစုပေါင်း ကန်ဒေါ်လာ ၁၄၆၂ သန်း ရရှိခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ CRF ၏ ဥက္ကဋ္ဌ Lay Chhun Hour က အပြုသဘော ဆောင်သော အလားအလာသည် အဓိက နိုင်ငံတကာဈေးကွက်များမှ ဝယ်လိုအားနှင့် အစိုးရ၏ ပံ့ပိုးကူညီမှု အပါအဝင် အကြောင်းရင်းများ ပေါင်းစပ်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ အစိုးရ သည် လယ်သမားများအတွက် အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာအကူအညီများ မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားဆန်အမှတ်တံဆိပ်ကို မြှင့်တင်ရန် အစပျိုးလုပ်ဆောင်မှုများမှ တစ်ဆင့် ဆန်စပါးကဏ္ဍကို ပံ့ပိုးကူညီခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။  ကမ္ဘောဒီးယား၏ ဆန်စပါး အဓိက စျေးကွက်များမှာ EU နိုင်ငံများ၊ တရုတ်၊ အာဆီယံနိုင်ငံများ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့မှု ဝင်ငွေ ကန်ဒေါ်လာ ၁,၁၁၄ သန်းကျော် ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Source: Khmer Times                                

DOCA(ရန်ကုန်)