
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ တွင် (၁၈.၉.၂၀၂၅) ရက်နေ့ နံနက် (၂)နာရီက ညောင်တုန်းမြို့ ဆီရောင်းချသူ လုပ်ငန်းရှင် ၁၅ဦးအား ဖိတ်ကြား၍ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ် အကြောင်းတို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးဆီ ထုတ်လုပ် သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်၌ရောင်းချနေသည့် စားသုံးဆီဘူးများပေါ်၌ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀-၁၂-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ကို လိုက်နာ ဆောင်ရွက် မည့်အပြင် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ မှထုတ်ပြန်ထားသည့် ဟင်းသီး ဟင်းရွက်ဆီများကို ရောနှောဆီ(Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေး အာမခံချက် နှင့်အမှတ် တံဆိပ် ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်အမှတ်(၂/၂၀၂၄) ကိုပါလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီအရေး ယူဆောင် ရွက်သွား မည် ဖြစ်ကြောင်း ၊ ၁၈-၉-၂၀၁၈ အမိန့် ကြော်ငြာစာ ၄၆/၂၀၁၈ ဆင့်ပွားဈေးကွက်ဖြန့်ချီရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ တားမြစ် ခြင်းအကြောင်း၊ ၁၆-၁၀-၂၀၂၈ အမ်န့်ကြော်ငြာစာ ၅၃/၂၀၁၈ စပါးဆန်/ ပဲမျိုးစုံ ကြိတ်ခွဲစက် ဖျက်သိမ်း အမိန့် အကြောင်း၊ ၃၀-၃-၂၀၂၀ အမိန့်ကြော်ငြာစာ ကုန်စည်များ အပေါ် တားမြစ်မိန့် ထုတ်ပြန်ခြင်း အကြောင်း ကို လည်းကောင်း၊ ၈-၄-၂၀၂၂ အမိန့်အမှတ် ဝါသီးနှံ နှင့် ဝါဂွမ်းအပေါ် တားမြစ်မိန့်အေကြာင်း၊ ၂၁-၇-၂၀၂၃ အမိန့် ကြော်ငြာစာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်အမိန့် စသည့် အမိန့်နှင့်ညွှန်ကြားချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည် ။ ဆွေးနွေး ပွဲသို့ စားသုံးဆီရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)