Main menu

Red and White ငါးဖမ်းကျေးရွာတည်ထောင်မှုပထမအဆင့်ကို အင်ဒိုနီးရှားအစိုးရစတင်

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် Red and White ငါးဖမ်းကျေးရွာတည်ထောင်မှုပရိုဂရမ် (KNMP) ပထမအဆင့်အတွက် တည်နေရာ ၆၅ ခုကို တရားဝင်စတင်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် KNMP တည်ထောင်ရေးအသင်း၏ အကြီးအကဲဖြစ်သူ Trian Yunanda က ထိုတည်နေရာများသည် ဝန်ကြီးဌာနဆိုင်ရာအမိန့်ဒီကရီနံပါတ် ၅၅/၂၀၂၅ အောက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စုစုပေါင်းဘက်ဂျက် အမေရိကန်ဒေါ်လာ ၈၁.၆ သန်းနီးပါးရှိသည့် ထိုကျေးရွာများတည်ထောင်မှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြီးမြောက်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်ကုန်တွင် နိုင်ငံတော်ရည်မှန်းချက် KNMP ၁၀၀ ပြည့်မီရန်အတွက် ဝန်ကြီးဌာနသည် ကျေးရွာ ၃၅ ခုထပ်မံတည်ထောင်ရန် ထပ်တိုးဘက်ဂျက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနအား အဆိုပြုတောင်းခံနေကြောင်း သိရပါသည်။ Yunanda က ၎င်းတို့သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်နိုင်ရန်မျှော်မှန်းရသည့် ဒုတိယအဆင့်အတွက်ဘက်ဂျက်အဆိုပြုချက်ကို အပြီးသတ်နေပြီဖြစ်ကြောင်း သိရပါသည်။ ပထမအဆင့်တည်နေရာ ၆၅ ခုမှာ Aceh ၊ Banten ၊ Bengkulu ၊ Yogyakarta ၊ Gorontalo ၊ West Java Central Java ၊ East Java ၊ West Kalimantan ၊ Riau Islands ၊ Lampung ၊ Maluku ၊ West Nusa Tenggara ၊ West Sulawesi ၊ Southwest Papau နှင့် South Papau တို့ပါဝင်သည့် ပြည်နယ် ၁၇ ခုတွင်တည်ရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ငါးဖမ်းသမားများအားကာကွယ်ရေးနှင့် တန်ဖိုးမြှင့်တင်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး Mahrus က KNMP ပရိုဂရမ်သည်အိမ်ရာတည်ထောင်ရေးကိုကျော်လွန်သောရည်ရွယ်ချက်များရှိကြောင်း ပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ်သည် ၂၀၂၇ ခုနှစ်တွင်အအေးခန်းဝန်ဆောင်မှုများ၊ ရေခဲစက်ရုံ များ၊ အလုပ်ရုံများ၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာများနှင့် လောင်စာဆီဆိုင်များပါဝင်သည့် ငါးဖမ်းကျေးရွာ ၁၁၀၀ ထိရောက်ရှိရန် ရည်ရွယ်ကြောင်း သိရပါသည်။ ကျေးရွာတစ်ခုခြင်းစီသည် ငါးဖမ်းသမားများနှင့် ထုတ်လုပ်သူများပါဝင်သည့် အလုပ်အကိုင် ၇၀ အထက်ဖန်တီးပေးနိုင်ရန် ခန့်မှန်းရကြောင်း သိရပါသည်။ Mahrus က ၎င်းတို့သည် KNMP တည်နေရာများတွင် ထုတ်လုပ် မှုမြှင့်တင်ရန် ငါးဖမ်းယာဉ်များထောက်ပံ့ပေးသွားမည်ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)