
အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က စီးပွားရေးမူဝါဒအသစ်များမှတစ်ဆင့် အင်ဒိုနီးရှား၏ စီးပွားရေးကြီးထွားမှုသည် ၂၀၂၅ ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်းရောက်ရှိရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးမူဝါဒအသစ်များကို ၈+၄+၅ ဟုအမည်ပေးထားပြီး ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးပရိုဂရမ် ၈ ခု၊ ၂၀၂၆ ခုနှစ်အတွက် ၄ ခုနှစ် အလုပ်အကိုင်ဖန်တီးမှုကနဦးဆောင်ရွက်ချက် ၅ ခုတို့ဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက ထိုအကောင်းမြင်သုံးသပ်ချက်သည် အစိုးရက မူဝါဒသစ်များမှတစ်ဆင့် ၎င်းတို့၏သုံးစွဲမှုကိုအရှိန် မြှင့်တင်ရန်နှင့် ပြည်သူလူထု၏ဝယ်ယူနိုင်စွမ်းကို တိုးမြှင့်ရန် အားထုတ်မှုအပေါ် အခြေခံကြောင်း နှင့် အလယ်အလတ်တန်းလွှာလူတန်းစားကိုလည်း အစိုးရ၏ VAT မှတစ်ဆင့် ပိုမိုပြောင်းလွယ် ပြင်လွယ်ဖြစ်ရန် ဖန်တီးပေးမည်ဟု သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa ကလည်း ၎င်းသည် အစိုးရ၏စီးပွားရေးမူဝါဒသစ် ၈+၄+၅ ကို မိတ်ဆက်ပေးခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွက် အစီအစဉ် ၈ ခုတွင် တက္ကသိုလ်ဘွဲ့ရကျောင်းသားများအတွက် အလုပ်သင်အလုပ်အကိုင်ချိတ်ဆက်ရေးအစီအစဉ်၊ ခရီးသွားလုပ်ငန်းကဏ္ဍကျောင်းသားများ အတွက် အခွန်အကျသက်သာခွင့်နှင့် အောက်တိုဘာလမှ နိုဝင်ဘာလအထိ မိသားစုတစ်စုလျှင် ဆန် ၁၀ ကီလိုဂရမ်ဖြန့်ဝေမှုတို့ပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် ယာဥ်မောင်းများနှင့် ပို့ဆောင် ရေးဝန်ထမ်းများအတွက် လုပ်ငန်းဆောင်ရွက်စဉ်ဖြစ်ပေါ်သော မတော်တဆမှုနှင့် သေဆုံးမှု အာမခံကြေးများကို ၅၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့်ပေးသွင်းနိုင်ရေး၊ BPJS Ketenagakejaan လူမှု ဖူလုံရေးပရိုဂရမ်အောက်မှ အိမ်ရာအထောက်အပံ့အစီအစဉ်များနှင့် အလုပ်အကိုင်ဖန်တီးမှုအခြေ ပြုလုပ်ငန်းများအတွက် လစာအထောက်အပံ့ပေးခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ ပရိုဂရမ် တွင် စည်းမျဉ်းသတ်မှတ်ချက်များလျှော့ချ၍ မြန်ဆန်စွာပြုပြင်ပြောင်းလဲခြင်းအစီအစဉ်၊ အိမ်ရာ အရည်အသွေးတိုးတက်ရေးအစီအစဉ်နှင့် အချိန်ပိုင်းဝန်ထမ်းများအတွက် ဈေးကွက်နှင့် စီးပွားရေး ပလက်ဖောင်းများဖန်တီးပေးခြင်းတို့ပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် အလုပ် အကိုင် ၃ သန်းကျော် ဖန်တီးပေးမည့် အစီအစဉ်တွင် Red and White ကျေးရွာသမဝါယမအသင်း များ၊ အသေးစားစိုက်ပျိုးရေးလုပ်ငန်းများ၊ Red and White ငါးဖမ်းကျေးရွာများ၊ ဂျာဗားကျွန်း မြောက်ဘက်ကမ်းရိုးတန်းများတွင် ငါးမွေးမြူရေးကန်များ ပြန်လည်အသက်သွင်းခြင်းနှင့် ငါးဖမ်း ယာဉ်များခေတ်မီအောင်ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)