
တောင်ကိုရီးယားနိုင်ငံ၏ လက်လီရောင်းချမှုသည် အစားအသောက်၊ နေ့စဉ်သုံး ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ခိုင်မာသောအွန်လိုင်းဝယ်လိုအားကြောင့် ပြီးခဲ့သည့်လက တစ်လုံးထဲသော ဂဏန်းဖြင့် တိုးလာခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့ထုတ်ပြန်သော အစိုးရအချက်အလက်များ အရ သိရှိရပါသည်။
ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ အော့ဖ်လိုင်းနှင့် အွန်လိုင်း လက်လီရောင်းချသူများ၏ စုစုပေါင်းဝင်ငွေသည် သြဂုတ်လတွင် ယခင်နှစ်ကထက် ၃.၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ယခင်လက ၉.၁ ရာခိုင်နှုန်းတိုးလာခြင်းထက်နည်းပါးခဲ့ပါသည်။
အွန်လိုင်းလက်လီရောင်းချသူများအကြား ဝင်ငွေသည် သြဂုတ်လတွင် ၁၀.၅ ရာခိုင်နှုန်းတက်ခဲ့ပြီး အော့ဖ်လိုင်းရောင်းချသူများ၏ ဝင်ငွေသည် ယခင်လက ၂.၇ ရာခိုင်နှုန်းတိုး လာပြီးနောက် သြဂုတ်လတွင် ၃.၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါသည်။
သြဂုတ်လက အော့ဖ်လိုင်းစတိုးများရှိ အိမ်သုံးပစ္စည်းဝယ်လိုအား ကျဆင်းခဲ့ပြီး အဝတ် အထည်၊ အစားအသောက်နှင့် နေ့စဉ်သုံးပစ္စည်းများမှာ တစ်လုံးတည်းသော ဂဏန်းဖြင့် ကျဆင်းခဲ့ပါ သည်။
ကုန်တိုက်များနှင့် စျေးဝယ်စင်တာများတွင် ဝင်ငွေ ၂.၈ ရာခိုင်နှုန်း ၁.၁ ရာခိုင်နှုန်း တက်ခဲ့ သော်လည်း လျှော့စျေးဆိုင်များတွင် ရောင်းအား၁၅.၆ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရှိရ ပါသည်။
DOCA (ရန်ကုန်)