Main menu

တရုတ်နိုင်ငံ၏ အမြန်ချောပို့လုပ်ငန်းများ ၈ လအတွင်းတွင်တိုးတက်

Powered by Drupal

      တရုတ်နိုင်ငံ၏ အမြန်ချောပို့လုပ်ငန်းသည် ၂၀၂၅ ခုနှစ်ပထမ ၈ လအတွင်း ပါဆယ် ၁၂၈.၂ ဘီလီယံကို ဝန်ဆောင်မှုပေးခဲ့ပြီး ၎င်းသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော တရားဝင်အချက် အလက်များအရသိရပါသည်။

    အမြန်ချောပို့ကဏ္ဍများပါဝင်သည့် စာပို့လုပ်ငန်းသည် အဆိုပါကာလအတွင်း ပါဆယ် စုစု ပေါင်း ၁၃၉.၉၂ ဘီလီယံကို ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်ထက် ၁၅.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

   ဇန်နဝါရီလမှ သြဂုတ်လအထိ စာပို့လုပ်ငန်းသည် စုစုပေါင်း ယွမ် ၁.၁၆ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၁၆၃.၃၃ ဘီလီယံ) ခန့် ရှိခဲ့ပြီး ယခင်နှစ်ထက် ၇.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

   အဓိကအားဖြင့် အမြန်ချောပို့လုပ်ငန်းမှ ဝင်‌ငွေသည် ယွမ် ၉၅၈.၃၇ ဘီလီယံရှိခဲ့ပြီး ၉.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

   မြို့တွင်းအမြန်ချောပို့လုပ်ငန်းများသည် အဆိုပါကာလအတွင်း ပါဆယ် ၁၀.၅၈ ဘီလီယံ အထိရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၆ ရာခိုင်နှုန်းတိုးလာခဲ့ပါသည်။ ဒေသတစ်ခုမှ တစ်ခုသို့ ပို့‌‌ဆောင်သော ပါဆယ်များသည် ပါဆယ် ၁၁၄.၉၂ ဘီလီယံရှိခဲ့ပြီး ၁၉.၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)