
ကမ္ဘောဒီးယားနိုင်ငံ၊ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး Keo Rottanak သည် ဖနွမ်းပင်မြို့ရှိ ဝန်ကြီးဌာနရုံးချုပ်တွင် ADB ၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jyotsana Varma အား လက်ခံတွေ့ဆုံခဲ့ပြီး အာဆီယံဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asian Development Bank-ADB) သည် နိုင်ငံတော်၏ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဆက်လက် ပံ့ပိုးပေးမည် ဖြစ်ကြောင်း သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန (MME) က ၁၇-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ADB မှ ပေးအပ်သည့် နည်းပညာနှင့် ငွေကြေးအကူအညီသည် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရှိကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။ ADB မှ ပေးအပ်သော ပံ့ပိုးကူညီမှုသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှု တိုးမြှင့်ခြင်းနှင့်အတူ အမျိုးသားဓာတ်အားလိုင်း တိုးချဲ့ခြင်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယား၏ အဓိက စွမ်းအင်ပန်းတိုင်များမှာ ၂၀၅၀ တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု သုညသို့ရောက်ရှိရန် ဖြစ်ပြီး အဓိကအားဖြင့် နေရောင်ခြည်၊ ရေအားလျှပ်စစ်နှင့် လေစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုတို့မှ တစ်ဆင့် ၎င်း၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မျှဝေမှုကို ၂၀၃၀ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်ဖြစ်သည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် အိမ်ထောင်စုအားလုံးနီးပါး အ တွက် Gris အရည်အသွေးရှိ လျှပ်စစ်မီးရရှိစေရန် ရည်မှန်းထားပြီး ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံအသစ်များတွင် ရင်းနှီး မြှုပ်နှံမှုများ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားသည်။
Source: Khmer Times
DOCA (ရန်ကုန်)
