
(၁၆. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦး (စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်း စစ်ဆေးရေးဦးစီး ဌာန၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်္ဓလာဈေး ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ မအူပင် မြို့နယ်၊ မင်္ဂလာဈေး၊ မြို့မဈေးသို့ မုန့်မျိုးစုံဆိုင် ၆ဆိုင်၊ ကုန်စုံဆိုင် ၇ဆိုင် တွင် ရောင်းချနေသော မုန့်မျိုးစုံနှင့် ကုန်ပစ္စည်း မျိးစုံတို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက် များမှ အခန်း(၁၈)ပါ ကုန်ညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်ညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ် စေရေးသားဖော်ပြရမည်ဖြစ်၍ ဈေးကွက်ရောက်ကုန်စည်များတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးလုပ် ငန်းရှင်များ အနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း’ အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ နှင့်ကုန်ဈေးနှုန်းအတက်အကျရှိ/မရှိ ၊ ဘေးအန္တရာယ်ကင်းရှိမှု ရှိမရှိ တို့ကို ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)