Main menu

ညောင်တုန်းမြို့နယ် စားအုန်းဆီ လက်ကား/လက်လီ ရောင်းချနေမှု အားကွင်းဆင်းစစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဉီးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ မြို့နယ် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့ဈေးတာဝန်ခံ၊ မြို့နယ် ထွေအုပ်မှ တာဝန်ရှိသူတို့ ပူးပေါင်းပါဝင်လျက် (၁၆.၉.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဈေးအတွင်းနှင့် ရပ်ကွက်များတွင် စားအုန်းဆီလက်လီ အရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးခဲ့ရာတွင် ညောင်တူန်းဈေးအတွင်းမှ  ဆီရောင်းချသူ လက်ကား ၅ဦးမှ ရရှိသည့် စားအုန်းဆီ ခွဲတမ်းနှင့် ရရှိရောင်းချဆီပိဿာများကို စစ်ဆေးခြင်း၊ ဆီထုတ် ယူခွင်စာအုပ်ဖြင့်   အိမ်ထောင်စုတစ်စုလျှင် ၁၀ရက်အတွင်း ၅၀ကျပ်သား ၁လလျှင် ၁ပိဿာ (၅၀)ကျပ်သားနှုန်းဖြင့် ခွဲဝေရောင်းချမှု နေ့စဉ်စာရင်းများကို စစ်ဆေးခြင်း၊  ရပ်ကွက် အပိုင်းအလိုက်ကိုလည်း မြို့နယ် ဆီကိုယ်စားလှယ်များက ရက်အလိုက် စနစ်တကျ ရောင်းချပေးမှုကို စစ်ဆေးခြင်းဈေးကွက်အတွင်း ပြည်သူများကို ဈေးနှုန်းလည်း မြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း လက်ကျန်လည်းမထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက် အရသိရှိရပါသည်။

DOCA(ဧရာဝတီ)