Main menu

မအူပင် အ.ထ.က ၄ ကျောင်း မုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တို့ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေး ကို ၁၇-၉-၂၀၂၅ နေ့လည် ၁၂နာရီက ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ် အမှတ် ၁ရပ်ကွက်ရှိ အ.ထ.က.၄ ‌ကျောင်းမုန့်ဈေး ၆ဆိုင်မှ  ရောင်းချနေသော မုန့်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိက စစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြချက်များ ပါဝင်မှု ရှိမရှိကို စစ်ဆေးခြင်း၊ FDA မှ ရောင်းချနေသော မုန့်များတွင် ခွင့်မပြုဆိုးဆေးပါဝင်မှု ရှိမရှိကိုစစ်ဆေးခြင်း၊ ကျန်းမာ‌ရေးဦးစီးဌာနက သက်တမ်းလွန် မုန့်များနှင့် ရောင်းချနေသော ဆိုင်ရှင်များ ကျန်းမာရေးနှင့်အညီ နေထိုင်ရောင်းချရန် တို့ကို စစ်ဆေးအသိပညာပေးခဲ့ပြီး၊ စားသုံးရန် မသင့်သော မုန့်များကိုမရောင်းချစေရန် ကျောင်းကျန်းမာရေးကော်မတီမုန့်ဈေးတန်း တာဝန်ရှိသူများကို စောင့်ကြည့်စစ်ဆေးရန်ကို မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)