Main menu

ပန်းတနော်မြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ကျောင်းသား/သူများကို  ကွင်းဆင်းကုသခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

Powered by Drupal

      ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့  ၁၇-၉-၂၀၂၅ ရက်နေ့တွင် ပန်းတနော်မြို့နယ် ရွှေမြင်တင် အ-မ-က၌ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

     အသိပညာပေးပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ကျော်သက်က ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ကုန်စည်များဝယ်ယူရာတွင် သက်တမ်းကုန်ဆုံးရက်ကိုကြည်ရန်၊ ထုတ်လုပ်သည့် လုပ်ငန်းလိပ်စားကြည့်ရန်၊ ပါဝင်ပစ္စည်းများကို လေ့လာရန်၊ ပါဝင်ကုန်ကြမ်းပစ္စည်းများကို ကြည့်ရန်၊ ကြိုတင်သတိပေးချက်ကို ကြည့်ရန်၊ သက်ဆိုင်ရာထောက်ခံချက်များကို ကြည်ရှုလေ့လာရန် တို့ကို အကျယ်တဝင့်ရှင်းလင်းပြီး စားသုံးသူအခွင့်အရေးနစ်တာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီးနောက် တိုင်းရင်းဆေးပညာမှ တာဝန်ရှိသူက ကျောင်းသား/ကျောင်းသူများကို ဆေးကုသရာတွင် ကျား(၁၀)ဦး မ (၂၀)ဦး စုစုပေါင်း(၃၀)ဦးအား ဆေးကုသ ပေးခဲ့ပြီး လေထိုးလေအောင့်ရောဂါအကြောင်းကို ပညာပေးဟောပြောဆောင်ရွက်ရာတွင် တက်ရောက်သူ ကျား (၂၀)ဦး မ (၃၀)ဦး စုစုပေါင်း (၅၀)ဦး အား ဟောပြောပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)