
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဒေးဒရဲမြို့နယ်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က ဆန်သိုလှောင်ထားသော ဂိုဒေါင်ကြီးများနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ရောင်းချနေသော ဈေးနှုန်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချြခင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)