Main menu

ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ“အမေ့သားဂုဏ်ရောင်” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ဒေးဒရဲ မြို့နယ်၊ ချောင်းဖျားကျေးရွာရှိ“အမေ့သားဂုဏ်ရောင်” ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

             ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်အတွင်း ခေတ်မီ စက်ယူနစ်များ တပ်ဆင် အသုံးပြု မှုအခြေအနေ၊ လက်ရှိ ဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဆန်စပါး သိုလှောင် ထားရှိမှုအခြေအနေတို့ကို စစ်ဆေးခဲ့ကြပါသည်။ထို့အပြင်မြို့နယ်တာဝန်ခံမှ MSMEs လုပ်ငန်း နှင့် ပက်သက်၍ အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှု ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပက်သက်၍ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်း စားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုရှိမှသာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေး ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)