
ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ(Rice Husk)နှင့် ဖွဲနု (Rice Bran) တို့မှတိုးဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး နှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာက မအူပင်ခရိုင်ဦးစီးမှုးနှင့် အဖွဲ့သည် ကွင်းဆင်း၍ ပန်းတနော် ဆန်စက်လုပ်ငန်းရှင်များနှင့် ပန်းတနော် မြို့နယ် တာဝန်ခံရုံးတွင် ၁၆-၉-၂၀၂၅ နံနက် ၁၁နာရီအချိန်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆန်ကြိတ်ခွဲမှု ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအပြင် ပေါင်းဆန်စက်များ ပြန်လည် တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အခြောက်ခံစက်များ တိုးမြှင့်သုံးစွဲနိုင်ရေး၊ တန်းမြင့်ဆန်ထုတ်လုပ်ရေးစက်များ၊ အားဖြည့်ဆန်ထုတ်လုပ်ရေး လုပ်ငန်းများ၊ စပါးမှဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ ထုတ်လုပ်မှုများကို တိုးမြင့်ထုတ်လုပ်နိုင်ရေး ကွင်းဆက်များကို ဆွေးနွေးခြင်း၊ လက်ရှိ စပါးထွက်ရှိမှုအပေါ် ဝယ်ယူနေမှု၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်မှု အသုံးပြုသော စပါးအခြောက်ခံစက်အခြေအနေ များကိုမေးမြန်းဆွေးနွေးခြင်း၊ ဆန်စက်မှ ရထုတ်ကျန် စပါး/ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန် ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
DOCA(ဧရာဝတီ)
