Main menu

“စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ဆေးဆိုင်များအားကွင်းဆင်းစစ်ဆေး”

Powered by Drupal

         စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိဆေးဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို  စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                  ထိုသို့ ကွင်းဆင်းစစ်ဆေးရာခဲ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပူးပေါင်းသောအဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်ကြား ချက်မလိုသော အိမ်သုံးဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိ စသည့်တို့အား စစ်ဆေးခဲ့ပြီး စပ်ဆေးအသုံးပြုမှု လျော့ပါးစေရေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ထောက်ခံချက်မရှိသော အရည်အသွေး စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)