Main menu

ဖျာပုံမြို့နယ်ရှိ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးဆီ လုပ်ငန်းရှင်များကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် ဖျာပုံခရိုင်ဦးစီးမှူးဦးထွေးသိမ်းက စားသုံးသူများ ထင်ယောင် ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်စိတ်ကျေနပ်မှုရှိစေရေး၊ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ လုပ်ငန်းရှင်များ အနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် ဌာနက ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)