
ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၈) ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက် ၊ စက်မှုမြေလမ်းရှိ YYL (ရိုးရိုးလေး) သောက်ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် YYL သောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ်မှု မှာ (၅၀၀) ဘူးခန့်ရှိပြီး ၊ ဈေးကွက်ထဲသို့ ယခုအချိန် ဘူးကြီး (၄၀၀)ဘူးခန့်သာ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါ သည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် ဘူးကြီးတစ်ဘူးလျှင် လက်ကား (၈၀၀)ကျပ်၊ လက်လီ(၁၀၀၀) ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပါသည်။လုပ်သားတစ်ဦး လုပ်ခလစာအနေဖြင့် တစ်လလျှင် တစ်သိန်းခွဲမှ နှစ်သိန်းအထိ ရှိပြီး လုပ်သားဦးရေ (၁၃)ဦး ခန့်ထားပါသည်။ ဈေးကွက်အနေဖြင့် မြို့နယ်အတွင်း၌သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(ဧရာဝတီ)
