Main menu

ပြည်ဈေးကွက်တွင် ရောင်းချနေသော ပန်းဂေါ်ဖီ ဈေးနှုန်း

Powered by Drupal

      ပြည်မြို့နယ်ရှိ ဈေးများတွင် ဒေသထွက် ပန်းဂေါ်ဖီနှင့် ရှမ်းပြည်နယ်ဒေသထွက် ပန်းဂေါ်ဖီများ ရောင်းချကြ ပါသည်။ ဒေသထွက် ပန်းဂေါ်ဖီကို ပြည်မြို့နယ်ရှိ ကျေးရွာများနှင့် ပြည်မြို့ဒေသတစ်ဝိုက်ရှိ မှော်ဇာ၊ တောင်လုံးညို၊ ပုတီးကုန်းမြို့ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ပြည်မြို့နှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များသို့ တင်ပို့ရောင်းချ ကြပါသည်။ ရှမ်းပြည်ဒေသထွက် ပန်းဂေါ်ဖီများသည် တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး ဈေးကွက်ရောင်းချမှုရှိသော်လည်း ဒေသထွက် ပန်းဂေါ်ဖီများက ဈေးကွက်တွင် စက်တင်ဘာလလောက်မှစ၍ ဈေးကွက်ဝင်ရောက်ရောင်းချမှုရှိပါသည်။ ပန်းဂေါ်ဖီဈေးနှုန်းများမှာ ရှမ်းပန်းဂေါ်ဖီအချော တစ်ပွင့်လျှင် (၂၈၀၀ - ၃၀၀၀)ကျပ်ဖြစ်ပြီး ဒေသထွက်ပန်းဂေါ်ဖီ ဈေးနှုန်းမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ရှမ်းပြည်ထွက်ပန်းပွင့်ဆိုဒ်လောက် မကြီးပဲ တစ်ပွင့်လျှင် (၂၀၀၀ - ၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)