
မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ် ၊တောမ၊ရေချိုကျေးရွာများတွင် ရွှေပန်း၊ ငွေပန်းပင် များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြ၍ မိသားစုအပိုဝင်ငွေရရှိကြောင်းသိရပါသည်။ ရွှေပန်း၊ ငွေပန်းသည် ရေအစိုဓာတ်ရှိသည့်မြေတွင် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး(၇)လအကြာတွင် စတင်ခူးယူနိုင်ကြောင်း၊ သဘာဝအလျောက်အပင်ဖြစ်ထွန်း၍ အပွင့်ပွင့်သောကြောင့် အပင်အားဆေး၊အပွင့်အားဆေး၊ ပိုးသတ် ဆေးများ အသုံးမပြုရသဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုနည်း၍စိုက်ပျိုးကြကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့၊ ဘဲကန်ဈေးရှိ ဘုရားပန်းလက်ကားဆိုင်များမှဝယ်ယူ၍ မြို့ပေါ် ရပ်ကွက်ဈေးများသို့ ပြန်လည်ရောင်းချကြကြောင်း သိရပါသည်။ဈေးနှုန်းအနေဖြင့် ပန်းပွင့်(၃)ပွင့်ပါ တစ်ကုံး(လက်ကား)ဈေး(၇၀)ကျပ်၊ လက်လီဈေးအနေဖြင့်တစ်တုံးလျှင်(၁၀၀)ကျပ်ဈေးရှိကြောင်း သိရပါသည်။ ရွှေပန်း၊ ငွေပန်းသည် ယခုလိုမိုးရာသီတွင် အဖူးအပွင့်များစွာရှရှိ၍ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း မိတ္ထီလာမြို့၊ဘဲကန်ဈေးရှိပန်းစိုက်ပျိုးရောင်းချသူထံမှ စုံစမ်းသိရှိရပါသည်။
DOCA(မန္တလေး)