Main menu

“သာစည်မြို့နယ်တွင် ထောပတ်ပဲများ စတင်စိုက်ပျိုး’’

Powered by Drupal

     သာစည်မြို့နယ်တွင် ထောပတ်ပဲကို မိုးနှမ်းရိတ်သိမ်းပြီးနောက် သြဂုတ်လနှင့် စက်တင်ဘာလများတွင် ဆောင်းသီးနှံအနေဖြင့် စိုက်ပျိုးရာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းထွက်ရှိကြောင်း သိရသည်။ ထောပတ်ပဲကို ပဲခြောက်အနေဖြင့် မရိတ်သိမ်းမှီ ပဲစိုအနေဖြင့်လည်း ထောပတ်ပဲကို ဒေသတွင်း စားသုံးသူအနေဖြင့် နှစ်စဉ်စိုက်ပျိုးခြင်းဖြစ်သည်။ ထောပတ်ပဲကို ဒေသတွင်းစားသုံးမှုအနေဖြင့် ပဲခြောက်ကိုပြုတ်၍ လည်းကောင်း၊ ရေနွေးဖြင့် စိမ်ကာ အခွံချွတ်ပြီး ဟင်းလျာ ချက်ပြုတ်၍ လည်းကောင်း စားသုံးသော်လည်း ပဲအစိုကို နှပ်၍ စားသုံးမှုကို ပိုမိုနှစ်သက်ကြပါသည်။ ထို့အတွက် ထောပတ်ပဲကို အစိုအတိုင်းပဲ ခူးဆွတ်ရောင်းချကြရာ ယခင်နှစ်ကို နို့ဆီ(၁)ဗူးကို (၁၀၀၀) ကျပ်၊ ပဲခြောက်အနေနှင့် (၁၀၀၀၀၀) ကျော် ရရှိခဲ့သဖြင့် အကျိုးအမြတ်ရကြောင်း တောင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)