Main menu

စက်တင်ဘာလတတိယပတ်ပဲပုတ်စျေး

Powered by Drupal

    ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလတတိယပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ်(ရှမ်း) ၂၇၅၀၀၀ကျပ်နှင့်၂၈၅၀၀၀ကျပ်၊ ပဲပုတ်(ဗမာ) ၃၇၀၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေး မှာပဲပုတ်(ရှမ်း) ၅၁၆၄ကျပ်နှင့်၅၃၅၂ကျပ်၊ပဲပုတ်(ဗမာ) ၆၉၄၈ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၇၁၃၆ကျပ်နှင့် ၇၂၃၀ ကျပ်၊ပဲပုတ်(ဗမာ) ၇၃၂၄ ကျပ်၊ ပဲပုတ် (စက်ပဲ) ၈၅၂၂ကျပ်နှင့် ၆၁၉၇ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူပေါက်စျေး နှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါ သည်။

DOCA(မန္တလေး)