မန္တလေးမြို့၊ သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် မိုးရာသီအတွင်း ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာစျေးနှုန်းများမှာငါးသလောက်၂၀၀၀ဝိ/နှင့် ၄၀၀၀ဝိ/၊ငါးကြင်းဖြူ ၁၂၀၀ဝိ/- နှင့် ၁၇၀၀ဝိ/-၊ ငါးကြင်းမျက်စံနီ ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/- ၊ ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၀၀ဝိ/-၊ငါးမြစ်ချင်း၊ ငါးပတ်နှင့်ငါးရံ့များမှာ ၁၃၀၀ဝိ/- နှင့်၁၈၀၀ဝိ/-၊ တီလားဗီးယား (ဂျပန်ငါး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ကတ်ကတစ်ငါး ၃၀၀၀ဝိ/- နှင့် ၄၃၀၀ဝိ/- ၊မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင်၁၂၀၀ဝိ/-နှင့်၁၄၀၀ဝိ/-၊ပုဇွန်ကြားနှင့်ရေချိုပုဇွန်ထုပ်မှာ၄၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊ ဂဏန်း ၁၁၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၃၅၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့၊ မင်္ဂလာစျေးရှိ ရေထွက်ပစ္စည်းအရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)