Main menu

နွားထိုးကြီးမြို့နယ်၏မိုးနေကြာစိုက်ပျိုးထားရှိမှု     

Powered by Drupal

     မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ အကောင်းဆုံးစိုက်ပျိုးချိန်မှာ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း သိရှိရသည်။  မိုးနေကြာကို တစ်မြို့နယ်လုံးအနေဖြင့် လျာထားဧက (၃၀၅၅)ဧက ရှိသည့်အနက် ယခုစက်တင်ဘာလ တတိယပတ်အထိ စိုက်ဧက (၁၂၉၃) ဧကစိုက်ပျိုးခဲ့ပြီး၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများဆက်လက်စိုက်ပျိုးနေကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ တောင်သူများအနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)