Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ( ၁၈ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးကျော်ဇင်ထွေး(ဒု­-ဦးစီးမှူး)နှင့် ဝန်ထမ်း(၂)ဦးသည် ကယား ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ကျင်းပပြုလုပ်သည့်အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ရေးကျေးရွာကော်မတီဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း၌ သင်တန်း သား/ သင်တန်းသူ စုစုပေါင်း(၁၆)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြော  ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ဇင်ထွေး       (ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းရှင်းလင်းဆွေးနွေးရာတွင် ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း ၍အာမခံ ပေးထားမှုအပေါ်စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ၏အာမခံချက်နှင့်စပ်လျဉ်း၍စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ကုန်ပစ္စည်း(သို့)ဝန် ဆောင်မှုများဝယ်ယူသုံး စွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT Ooredoo Atom Mytel ဆင်းကတ်များဖြင့် လည်း ၁၅၃၅နံပါတ်များသို့ခေါ်ဆို၍ကုန်စည်(သို့) ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍သိရှိလိုသည်များမေးမြန်းခြင်း၊နစ်နာဆုံးရှုံးမှုများအတွက်တိုင်ကြားခြင်းများ ပြုလုပ်နိုင် ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ကုန်စည်အမျိုးအစား အလိုက် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)