Main menu

ကန့်ဘလူမြို့နယ်၏ ရာသီစာ ငရံ့ပတူရွက်နှင့် ကြက်တရွက်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ ဖြစ်သည့် ဂွေးတောက်ရွက်၊ ကန်စွန်းရွက်၊ မုံညှင်းရွက်၊ ဆူးပုတ်ရွက်၊ ငရံ့ပတူရွက်နှင့် ကြက်တရွက်များ နေ့စဉ်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကြက်တက်ရွက်ပြုတ် တစ်လုံးလျှင်(၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် (၁၀)ကျပ်သား လျှင်(၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ ငရံ့ပတူရွက်(၁)စည်းလျှင် (၃၀၀)ကျပ်၊   ငရံ့ပတူရွက် ပြုတ်တစ်လုံး လျှင်(၅၀၀)ကျပ်၊ (၄)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)