Main menu

ကန့်ဘလူမြို့ရှိ လူကြိုက်များသည့်သရေစာ နို့မလိုင်လုံး ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာ မလိုင်လုံး နှင့် ကုလားပဲချောင်းများ ရောင်းချလျက်ရှိရာ ၂၀၂ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း မလိုင်လုံး လက်လီတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မလိုင်လုံး လက္ကားတစ်ပိဿာလျှင် (၉၈၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလတတိယပတ်အတွင်း မလိုင်လုံး(၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ သရေစာ မလိုင်လုံးများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ လူကြိုက်များသော သရေစာဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)