Main menu

မန္တလေးစျေးကွက်ရှိပဲဇီးကွက်စျေးနှုန်း

Powered by Drupal

         မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှုများပြားသည့် ပဲတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရပါသည်။    မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော် အသင်းတွင်၂၀၂၅ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ပဲဇီးကွက် ၃တင်းဝင်တစ်အိတ်လျှင်  ၃၃၀၀၀၀ ကျပ် နှင့် ၃၅၀၀၀၀ကျပ်၊တစ်ပိဿာလျှင်   ၅၆၆၅ ကျပ်နှင့်၆၀၀၉ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် နှစ်ကာလတူပေါက်ဈေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၅၁၅၀ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ချက် ပဲဇီးကွက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)