Main menu

ဗီယက်နမ်၏ ကော်ဖီပို့ကုန်တန်ဖိုး ဒေါ်လာ ၇ ဘီလီယံကျော်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

Powered by Drupal

    ဘရာဇီးနိုင်ငံ၏နောက်၌ ကမ္ဘာဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သူဖြစ်သည့် ဗီယက်နမ် နိုင်ငံ၏ ယခုနှစ် ပထမ ၉ လအတွင်း ကော်ဖီတင်ပို့မှုမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆.၉၈ ဘီလီယံ ရှိပြီး ယခင်နှစ်ကာလတူထက် ၆၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ပမာဏသည် ၂၀၂၄ တစ်နှစ်တာအတွင်း တင်ပို့ခဲ့သည့် တန်ဖိုးထက် ပိုမိုခဲ့ပြီး ဥရောပဈေးကွက်တွင် ဝယ်လိုအား များပြားလာခြင်းနှင့် ကမ္ဘာတစ်ဝန်း ကော်ဖီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

     တရုတ်အမျိုးသား စာရင်းအင်းဗျူရို၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ နှစ်စဉ်ကော်ဖီတင်ပို့မှုသည် ‌ ပထမဆုံး အကြိမ်အဖြစ် ဒေါ်လာ ၇ ဘီလီယံကို ကျော်လွန်သည့် သမိုင်းမှတ်တမ်းကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ် ကြောင်း Nikkei Asia ကဖော်ပြထားပါသည်။

  ဗီယက်နမ်နိုင်ငံ၌ ရိုဘတ်စတာကော်ဖီသည် အဓိကစိုက်ပျိုးထုတ်လုပ်သည့် ကော်ဖီမျိုးရင်း အဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ်တွင် တန်ဖိုးအားဖြင့် ဒေါ်လာ ၄.၉ ဘီလီယံအထိ တင်ပို့ ထားပြီးဖြစ်သည်။ ကျန်ရှိသော ကော်ဖီပို့ကုန်ဝင်ငွေမှာ အာရေးဘီးကားကော်ဖီစေ့များ တင်ပို့မှုမှ ရရှိခြင်းဖြစ်သည်။

   ကမ္ဘာတစ်ဝန်းကော်ဖီဈေးနှုန်းများသည် ယခုနှစ် အစောပိုင်းတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး မေလမှ ဇူလိုင်လအတွင်း တဖြည်းဖြည်းကျဆင်းလျက် ယခင်နှစ်ဈေးနှုန်းအဆင့်နှင့် တူညီသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ တစ်ဖန် ဩဂုတ်လနှင့် စက်တင်ဘာလတွင် ဈေးနှုန်းပြန်လည် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source : The Nation Thailand, October 04, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)