Main menu

ဖျာပုံမြို့၊(၅)လမ်း၊ အ.မ.က(၄)ကျောင်း၊ ကျောင်းကျန်းမာရေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျောင်းကျမ်းမာရေးအဖွဲ့နှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်( ၁၀ : ၀၀ )နာရီ အချိန်တွင် ဖျာပုံမြို့နယ်၊ (၅)လမ်း၊ အ.မ.က (၄)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်းသိရသည်။

         အဆိုပါဟောပြောပွဲတွင် ကုန်စည်များနှင့် ကုန်အညွန်းအမှတ်အသားဆိုင်ရာများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပါက တိုင်ကြားနိုင်မှုအခြေအနေများလည်းကောင်း၊ သက်တမ်းလွန်အစားအစာ များမစားသောက်ကြရန်နှင့် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအစာများ စားသုံးရန် သင့်/ မသင့်နှင့်သန့်ရှင်းမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား  အသိအပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)